ပန်းတနော် ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျုံတုံးကြီးကျေးရွာတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရန် အတွက် အဖွဲ့ဝင်(၅)ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို မြို့နယ်ရွေးချယ်မှု ကြီးကြပ်ရေး ကော်မတီမှ ယနေ့ နံနက် ၁၀ နာရီက သွားရောက် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးချယ်မှု ကြီးကြပ်ရေး ကော်မတီဝင်များမှ ရွေးချယ်ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းစဉ်အရပ်ရပ်ကို ထပ်မံရှင်းလင်း ပြောကြားပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ကို သက်မှတ် စည်းကမ်းချက်များနှင့်အညီ ရွေးချယ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ (၅၆)အုပ်စုရှိပြီး မြို့နယ်ရွေးချယ်မှု ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းထားပြီး သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို နယ်မြေကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)