သတင်းများ

ပုလောမြို့နယ် ၊ ရှပ်ပုံကျေးရွာတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး
Jan 28,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာတွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန် ပုလောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်ထိုက် က ယမန်နေ့ နံနက် ၁၀ နာရီက စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ၂၁၆၂၀ စုအား ထောက်ပံ့ငွေပေးအပ်
Jan 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများမှ ထောက်ပံ့ကြေးမရရှိသေးသည့် ထပ်တိုးတင်ပြ ထားသည့် အိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အမှတ်(၁၄)ရပ်ကွက် ဓမ္မရက္ခိတ ဓမ္မာရုံ တွင် ကျင်းပသည်။
ဓနုဖြူမြို့၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အရည်အသွေးပြည့်မီရေး ကွင်းဆင်းစစ်ဆေး
Jan 28,2021
ဧရာဝတီတိုင်း​ဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ ၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအရည် အသွေးပြည့်မီရေးကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယနေ့နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်အတွင်းရှိ ကျန်းမာ​ရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်​ဆေး စတင်ထိုးနှံ
Jan 28,2021
မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာန လက်​အောက်ရှိ ဝန်ထမ်းများဖြစ်သည့် ကျန်းမာရေးဌာနမှ ဝန်ထမ်း(၂၂၄)ဦး၊ တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်း(၆)ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး စုစုပေါင်း (၂၃၃)ဦးအား ကိုဗစ်-၁၉​ရောဂါ ကာ ကွယ်​ဆေးထိုးနှံ​ပေးခြင်းကို ယ​မန်နေ့ နေ့လည် ၁ နာရီက မြို့သစ်မြို့ပြည်သူ့​ဆေးရုံ၌ ဆောင်ရွက်ခဲ့ သည်။
တွံတေး၌ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ် ပြန်လည်ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့ဝင်(၅)ဦး ရွေးချယ်ပေး
Jan 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကြီးကြပ်ရေးအဖွဲ့ဝင် (၅)ဦး ရွေးချယ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အတွင်းရေကျော်၊ အမ္မတီ၊ ကျောင်းစုကျေးရွာအုပ်စုများ၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ချောက်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ
Jan 28,2021
မ​ကွေးတိုင်းဒေသကြီး၊ ​ချောက်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံခြင်းကို ယမန်နေ့ ​နေ့လယ်(၂)နာရီခွဲအချိန်ခန့်မှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျေးသီးမြို့သို့ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ ရောက်ရှိ
Jan 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်ရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံပေးရန် ကိုဗစ်−၁၉ ကာကွယ်ဆေးများ ယမန်နေ့ ညနေ (၇)နာရီအချိန်က ရောက်ရှိခဲ့ကြောင်း သိရသည်။
ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ နောက်တိုးထောက်ပံ့နိုင်ရေး ညှိနှိုင်းဆွေးနွေး
Jan 28,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပုံမှန်ဝင် ငွေမရှိသော အခြေခံလူတန်းစားများအာ နောက်တိုးထောက်ပံ့နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီခွဲချိန်က ပြုလုပ်ခဲ့သည်။