ပုလောမြို့နယ် ၊ ရှပ်ပုံကျေးရွာတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

ပုလော    ဇန်နဝါရီလ       ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာတွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍  မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန် ပုလောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်ထိုက် က ယမန်နေ့ နံနက် ၁၀ နာရီက စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စက်သုံးဆီဆိုင်များ၌ မီးချိတ်၊မီးကပ်၊ လှေကား၊ မီးသတ်ဆေးဗူးများနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်အတွက် ဆောင်ရွက် ထားရှိမှု ရှိ/မရှိ  မီးသတ်ဆေးဗူး  အသုံးပြုပုံ    ၊မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ် ဆောင်ရွက်ရမည့် အချက်များကို စက်သုံးဆီဆိုင်များမှ ၀န်ထမ်းများကို လက်တွေ့ဆောင်ရွက်ခြင်းတို့ကို အသိပညာပေးခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလော ပြန်ဆက်)