လှိုင်သာယာ(အနောက်ပိုင်း) ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများမှ ထောက်ပံ့ကြေးမရရှိသေးသည့် ထပ်တိုးတင်ပြ ထားသည့် အိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အမှတ်(၁၄)ရပ်ကွက် ဓမ္မရက္ခိတ ဓမ္မာရုံ တွင် ကျင်းပသည်။
အခမ်းအနားတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း ထောက်ပံ့ကြေးပေး အပ်ခြင်း ရည်ရွယ်ချက်နှင့် ထောက်ပံ့ကြေားပေးအပ်ရာ တွင် အခြေခံလူတန်းစားများ လက်ဝယ်အရောက် ပေးအပ်နေမှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် တာဝန်ရှိသူများက အမှတ်(၁၄)ရပ်ကွက်ရှိ ထပ်တိုးတင်ပြ ထားသည့် အခြေခံလူတန်းစား အိမ်ထောင်စု ၃၉၂ စုအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၄၀၀၀၀ ထောက်ပံ့ပေးအပ်သည်။ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်တွင် ရပ်ကွက်(၁၁) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄)အုပ်စုတို့တွင် ထပ်တိုးတင်ပြထားသည့် အခြေခံအိမ်ထောင်စု ပေါင်း ၂၁၆၂၀ စုရှိပြီး စုစုပေါင်း ငွေကျပ် (၈၆၄၈၀၀၀၀၀)ကို ယနေ့တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် တစ်ပြိုက်နက် ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ကြေး ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)