ချောက် ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံခြင်းကို ယမန်နေ့ နေ့လယ်(၂)နာရီခွဲအချိန်ခန့်မှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ချောက်မြို့နယ်ရှိ မြို့နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၂၈၆)ဦး၊ အားကစားနှင့်ကာယာပညာဦးစီးဌာနမှ ဝန်ထမ်း(၆)ဦးနှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ ရေနံဆေးရုံမှကျန်းမာရေးဝန်ထမ်း( ၄၅)စုစုပေါင်း ကျန်းမာရေးဝန်ထမ်း(၃၄၀)ဦးတို့အား ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီး၍ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာပါက အချိန်မီ ကုသစစ်ဆေးခြင်း ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာပြင်ဆင်မှုများလည်း ဆောင်ရွက်ထား ရှိကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ကျော်မိုး(ပြန်/ဆက်)