မြို့သစ် ဇန်နဝါရီ ၂၈
မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများဖြစ်သည့် ကျန်းမာရေးဌာနမှ ဝန်ထမ်း(၂၂၄)ဦး၊ တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်း(၆)ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး စုစုပေါင်း (၂၃၃)ဦးအား ကိုဗစ်-၁၉ရောဂါ ကာ ကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လည် ၁ နာရီက မြို့သစ်မြို့ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆရာဝန် ၊ ဆ ရာမများ သူနာပြုများ၊ ဝန်ထမ်းအားလုံးကို ကျန်းမာရေးဝန်ထမ်းလူဦးရေပေါ်မူတည်၍ (၁၀)ဦးတစ် ဖွဲ့ဖွဲ့၍ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
အသက် ၁၈နှစ်နှင့်အထက် ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရေး အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ လူဦးရေစာရင်း ကောက်ယူကာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ဆောင် ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)