ဓနုဖြူမြို့၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အရည်အသွေးပြည့်မီရေး ကွင်းဆင်းစစ်ဆေး

ဓနုဖြူ ဇန်နဝါရီ ၂၈

ဧရာဝတီတိုင်း​ဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ ၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအရည် အသွေးပြည့်မီရေးကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယနေ့နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အရည်အသွေးပြည့်မှီရေး ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းအောင်သူနှင့် တာဝန်ခံအင်ဂျင်နီယာ ဦးဝင်းရာဇာထွန်း တို့က ဧရာဒေါင်းဖန်ဝါ ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သည့် အမှတ်(၁၈) ရပ်ကွက်၊ လက်ဝဲသုန္ဒရလမ်းတွင် (အရှည် ၄၀၀ ပေ x အကျယ် ၁၂ပေ x ထု ၆လက်မ) ကို တင်ဒါအောင်မြင် ငွေကျပ်( ၇.၇၅ )သန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား အရည်အသွေးပြည့်မှီရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)