တွံတေး၌ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ် ပြန်လည်ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့ဝင်(၅)ဦး ရွေးချယ်ပေး

တွံတေး  ဇန်နဝါရီ  ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကြီးကြပ်ရေးအဖွဲ့ဝင် ()ဦး ရွေးချယ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အတွင်းရေကျော်၊ အမ္မတီ၊ ကျောင်းစုကျေးရွာအုပ်စု များ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် ရပ်ကွက် ()ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၅)အုပ်စုရှိပြီး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ ()ဖွဲ့က မိမိတို့၏ သက်ဆိုင်ရာ ဒေသအလိုက် အုပ်ချုပ်ရေးမှူးသစ် ပြန်လည်ရွေးချယ် တင်မြှောက်နိုင် ရေးအတွက် ကွင်းဆင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို ရွေးချယ်ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီး မှူး ဦးသက်ဦးက ခေါင်းဆောင်ကာ ကျေးရွာများတွင် ရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပ ဒေများနှင့် လုပ်ငန်းစဉ် အရပ်ရပ်ကို ရှင်းလင်းပြီး အတွင်းရေကျော်၊ အမ္မတီ၊ ကျောင်းစုကျေးရွာ အုပ်စုအတွက် အဖွဲ့ဝင် () ဦးစီ ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့များကို သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ရွေးချယ်ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။  

မျိုးလှိုင်  (တွံတေး)