ကျေးသီးမြို့သို့ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ ရောက်ရှိ

ကျေးသီး  ဇန်နဝါရီ    ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်ရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံပေးရန် ကိုဗစ်၁၉ ကာကွယ်ဆေးများ ယမန်နေ့ ညနေ ()နာရီအချိန်က ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးများကို ကျေးသီးမြို့နယ်အတွင်းရှိ ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်း (၉၅)ဦးနှင့် တိုင်းရင်းဆေးဦးစီးဌာနမှဝန်ထမ်း ()ဦး စုစုပေါင်း (၁၀၀)ဦး တို့အတွက် ကိုဗစ်၁၉ကာကွယ်ဆေး (၁၁)လုံးကို ဇန်နဝါရီ ၂၉ ရက်နေ့ နံနက် နာရီ ၃၀ မိနစ် အချိန်တွင် ကျေးသီးမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကုသရေးနှင့်ကျန်းမာရေးဌာနမှူး ဒေါက်တာမောင်မောင်မြတ်ဗိုလ်သူထံမှ သိရှိရသည်။

သဲစုပိုင်(ပြန်/ဆက်)