ရန်ကုန် ဧပြီ ၂၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းက အဖွင့်အမှာစကား အနေဖြင့် မြို့နယ်အတွင်းရှိဌာနဆိုင်ရာများအားလုံး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းရပ် များနှင့် ပတ်သက်၍ အရှိန်အဟုန် မပြတ်ဆောင်ရွက်ကြရန်၊ ပြည်သူကအားကိုးယုံကြည်ရသော နိုင်ငံဝန်ထမ်းများဖြစ်သည်နှင့်အညီ ပြည်သူများအတွက် ဝန်ဆောင်မှုလုပ်ငန်းများအား ကြိုပမ်း ဆောင်ရွက်သွားကြရန်၊ ကိုဗစ်-၁၉ ရောဂါအတွက် ကာကွယ်ဆေးများ ထိုးနှံနေမှု အခြေအနေ များနှင့် အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ပြန်လည်မြင့်တက်လာသည့် အတွက် ပြည်သူများရောဂါကူးစက်ခံရမှု မရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပါသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး သိန်းဆွေမြင့်၊ ရပ်မိရပ်ဖ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက မြို့နယ်မတွင်းလက်ရှိ ဆောင်ရွက်နေကြသော လုပ်ငန်း များနှင့် ရှေ့ဆက်ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်ရေးတို့အတွက် လည်းကောင်း၊ မြို့နယ်အတွင်း လုံခြုံရေးကိစ္စရပ်များအား အလေးထားဆောင်ရွက်နမှုများအား လည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)