သင်္ဃန်းကျွန်းမြို့နယ်တွင် (Grade-4/Grade-7/Grade-9) သင်ရိုးသစ်မြို့နယ်အဆင့်သင်တန်းဖွင့်လှစ်

ရန်ကုန် ဧပြီ ၂၃
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ နည်းပြ ဆရာ၊ ဆရာမများအတွက် (Grade- 4/Grade-7/Grade-9) သင်ရိုးသစ် Face to Face မြို့နယ်အဆင့် သင်တန်းကို ဧပြီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ဖွင့်လှစ်ခဲ့သည်။
အဆိုပါဘာသာရပ်ဆိုင်ရာ Face to Face သင်တန်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မူလတန်းပြများကို အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် (၁၃၃) ဦးကိုလည်းကောင်း၊ အလယ်တန်းပြများကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် (၁၂၀) ဦး ကိုလည်းကောင်း၊ အထက်တန်းပြများကို အ.ထ.က သုဝဏ္ဏကျောင်းတွင် (၅၆) ဦးတို့ကိုလည်း သင်ကြားပို့ချလျက်ရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
စန္ဒာမိုး