မုံရွာ၊ မတ် ၂၄
၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီ က စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနား ကျင်းပရေး ဦးစီး ကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီးသာသနာရေးမှူး ဦးမျိုးဝင်းအောင်က ဆောင်ရွက် ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက်လာသော ကော်မတီများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေတို့အား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ စိတ်ချမ်းမြေ့စွာ ဘွဲ့ဆက်ကပ်ခံယူနိုင်စေရန်အတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ထွန်းကိုကို