တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

ထားဝယ် ဧပြီ ၂၃

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး (၃)ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းကို ထပ်ဆင့်ရှင်းလင်း ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ရှိ အကျိုး သက်ရောက်သော အုပ်ချုပ်မှုလုပ်ငန်းဆိုင်ရာများကို တိုးမြှင့်ပေးကြရန်အလေးထားပေးကြ ရန်နှင့် ကောင်းသောလုပ်ငန်းများကို ကူညီပေးစေလိုကြောင်း တိုင်းအတွင်းရှိစီးပွားရေးလူမှုရေး လုပ်ငန်းများအလုပ်ရုံနှင့်ရုံးများကို ကိုယ်ပိုင်ရုံးကိုယ်ပိုင်ပစ္စည်း ကဲ့သို့သဘောထားပြီး လုပ်ဆောင်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်ဇေယျက နိုင်ငံတော်တာဝန် ကျေပွန်စွာ ထမ်းဆောင်ကြသော ဌာနဆိုင်ရာ ဝန်ထမ်းအား ကျေးဇူး တင်ရှိကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များနှင့် လူမှုကွန်ရက် Facebook ပေါ်တွင် ပျံ့နှံ့နေသောကိစ္စရပ်များအား ရှင်းလင်း ဆွေးနွေး ပြောကြားပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်

ဆက်လက်၍ တက်ရောက်လာသောဌာနဆိုင်ရာ တာဝန်ရှိသူများက ဌာနမှလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ကြုံတွေ့ရသော အခက်အခဲများကို ရှင်းလင်းဆွေးနွေး တင်ပြရာတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်

(တိုင်းဒေသကြီးပြန်/ဆက်)