ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အမှတ်(၇)တပ်မတော်ဆေးရုံ ကုတင်(၁၀၀) အတွက် ထောက်ပံ့အလှူငွေပေးအပ်

 

လွိုင်ကော် ဧပြီ ၂၃

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ အမှတ်()တပ်မတော်ဆေးရုံ (ကုတင်-၁၀၀)တွင် ဆေးကုသ ရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများနှင့် ဆေးဝါးများ ဝယ်ယူရန်အတွက် ထောက်ပံ့အလှူငွေ ပေးအပ်ခြင်းကို ယနေ့နံနက်()နာရီက ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦးက အမှတ်()တပ်မတော်ဆေးရုံ (ကုတင်-၁၀၀)တွင် ဆေးကုသရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများနှင့် ဆေးဝါးများဝယ်ယူရန် အတွက်ထောက်ပံ့ငွေကျပ် (,၈၄၃,၈၀၀) ကျပ်အား ပေးအပ်လှူဒါန်းရာ အမှတ်()တပ်မတော် ဆေးရုံ (ကုတင်-၁၀၀) ခေတ္တတပ်မှူးဗိုလ်မှူးအောင်မျိုးဦး ကလက်ခံ ရယူခဲ့သည်။

အဆိုပါထောက်ပံ့အလှူငွေကို လွိုင်ကော်မြို့အမှတ်()တပ်မတော်ဆေးရုံ (ကုတင်-၁၀၀) တွင် လိုအပ်နေသော ဆေးကုသရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများနှင့် အဆိုပါဆေးရုံသို့ လာရောက် ဆေးကုနေသော တိုင်းရင်းသားပြည်သူများအတွက် ဆေးဝါးများဝယ်ယူရန် ထောက်ပံ့လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)