ပြည် မေ ၁၂
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ စီမံမှုဖြင့် ပြည်မြို့နယ် ကြခတ်အုပ်စု ရွှေဝါမြေကျေးရွာတွင် မေ ၁၀ ရက် နံနက်ပိုင်းက စတင်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာပေးသင်တန်း ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရ သည်။
အဆိုပါ သင်တန်းတွင် "သီးနှံများတွင် ရာသီအလိုက် ကျရောက်တတ်သော ပိုးမွှားများ အန္တရာယ်မှ ကာကွယ်ထိန်းသိမ်းနည်း၊ မြေသြဇာများအကြောင်း၊ သီးနှံအမျိုးအစားအလိုက် စိုက်ပျိုးနည်းစနစ်များအကြောင်း၊ ပိုးသတ်ဆေးသုံးစွဲရာတွင် ဆောင်ရန်/ရှောင်ရန်အချက် များ၊ ယူရီးယားနှင့် လက်ချားဆောင်ရွက်နည်းတို့နှင့် ဝက်၊ နွား၊ ဆိတ်၊ ကြက်၊ ငါးနှင့် ပုစွန် မွေးမြူရေးဆိုင်ရာ အကြောင်းအရာများကို မေ ၁၀ ရက်မှ ၁၄ ရက်နေ့အထိ ငါးရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ အဆိုပါကျေးရွာမှ သင်တန်း သား ၄၀ ဦး တက်ရောက်ကြောင်း ပြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး မှ သိရသည်။
ပြည်ခရိုင်(ပြန်/ဆက်)