ကိုယ်ဝန်ဆောင်မိခင်နှင့် တစ်နှစ်အောက် ကလေးများအား ကာကွယ်ဆေးထိုးနှံပေး

ခရမ်း မေ  ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် တစ်နှစ်အောက် ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ် ရရှိခံစားနိုင်ရေးအတွက် ကူးစက်ရောဂါများ ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ မေလပထမပတ်တွင် ပြန်လည်ထိုးနှံ‌ပေး လျက်ရှိကြောင်း သိရှိရသည်။

ကာကွယ်ဆေး မထိုးရသေးသော ကိုယ်ဝန်ဆောင်မိခင်များနှင့် တစ်နှစ်အောက် ကလေးငယ်များ နီးစပ်ရာကျေးရွာအုပ်စု ကျန်းမာရေးဌာနခွဲများတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။

ခရမ်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနဌာနခွဲ(၄၄) ခုတို့တွင် မေလအတွင်း စတင်ထိုးနှံ ပေးသွားရန် စီစဉ်ထားရှိကြောင်းနှင့် ထိုးနှံပေးမည့် အစီအစဉ်များကို ကျေးရွာများ အလိုက် အပြောင်းအလဲရှိပါက ပြန်လည်အကြောင်းကြားပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

ကိုမင်း (ခရမ်း)