တစ်ပိုင်တစ်နိုင်ငါးမွေးမြူရေးနှင့် တိုင်းရင်းကြက်များမွေးမြူ

ဘားအံ   မေ ၁၂

ကရင်ပြည်နယ်၊ဘားအံမြို့ရှိ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ရောဂါ စတင်ဖြစ်ပွားခဲ့ သည့် ကာလမှစတင်ကာ တစ်ပိုင်တစ်နိုင်ငါးခူများမွေးမြူခြင်းနှင့် တိုင်းရင်းကြက်များ၊ ဘဲ၊ ကြက်ဆင် များမွေးမြူခြင်းများကို မွေးမြူဆောင်ရွက်ခဲ့ရာမှ အောင်မြင်အဆင်ပြေလျှက်ရှိပြီး ဆက်လက် တိုးချဲ့မွေးမြူကာ ဒေသအတွင်း ဈေးကွက်သွင်း ဆောင်ရွက်ရနရှိကြောင်း သိရသည်။

 

ထို့သို့မွေးမြူသူ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဇွဲကပင်လမ်းနေ ဦးစောဘဒင်က မွေးမြူခဲ့မှု အခြေအနေများကို အခုလိုရှင်းပြရာမှာ ဘားအံမှာ ကိုဗစ်-၁၉ရောဂါစဖြစ်ခဲ့တဲ့အချိန်က ဈေးရောင်းဈေးဝယ် အခဲ့တွေကြုံရတယ် အဲ့ကာလထဲက ကိုယ်ရဲ့ခြံလေးထဲမှာ မွေးမြူကြည့်ရင် မိသားစုအတွက် အရင်းလဲနည်းနည်းနဲ့ တစ်ပိုင်တစ်နိုင်လေးမွေးမြူရင် အထောက်အကူ ဖြစ်လာ နိုင်တယ်လို့ ထင်မိပြီး စတင်ခဲ့ခြင်းဖြစ်ပါတယ်။ ပထမဦးဆုံး အကောင်ပေါက်အရွယ်ကစတင်လို့ အကောင်ရေ(၅၀၀)ကနေ (၁၀၀၀)ထိထပ်တိုးမွေးကြည့်ပါတယ်။ အဲ့လိုမွေးမြူတဲ့အပေါ်မှာ မြေကြီးကန်မှာ မွေးတာနဲ့ အုတ်ကန်နဲ့ မွေးတာနဲ့ တာလပတ်နဲ့ စမ်းသပ်မွေးကြည့်တဲ့ အခါမှာ ကွာခြားချက်လေးတွေ တွေ့မြင်ရပါတယ်။ အစာကတော့ အသင့်‌ကျွေး ငါးစာကို ဝယ်ကျွေးပါတယ် အဲ့လိုကျွေးတဲ့အခါမှာ ငါးပေါက်အရွယ်မှာ အစာတစ်မျိုး၊တစ်လနှစ်လအရွယ်မှာ အစာတစ်မျိုး၊ အဲ့ဒီအထက်ကြီးတဲ့အထိ အစာတစ်မျိုး ကျွေးရပါတယ်။ နောက်ငါးကန်အတွင်း ငါးတွေအတွက် ရောဂါပိုးမကူးအောင် ဆေးတစ်မျိုး၊ အဟာရမှုန့် ဒါတွေကို စနစ်တကျ ဆောင်ရွက်ပေးရပါတယ်။ အောင်မြင်ပါတယ် တိုးချဲ့မွေးမြူသွားပါအုံးမယ်။

 

ထိုကဲ့သို့ တစ်ပိုင်တစ်နိုင်ငါးခူများမွေးမြူခြင်းအပြင် အိမ်ခြံအတွင်းလွှတ်၍ တိုင်းရင်း ကြက်များ၊ တမ်းဘဲ၊မန်ဒါလီဘဲ၊ ကြက်ဆင်များပါမွေးမြူခြင်းများကို မွေးမြူဆောင်ရွက်ခဲ့ရာမှ အောင်မြင် အဆင်ပြေ လျှက်ရှိပြီး ဆက်လက်တိုးချဲ့မွေးမြူကာ ဒေသအတွင်း ဈေးကွက်သွင်း ဆောင်ရွက် နေကြောင်း သိရသည်။

 

နေမျိုးလွင်(ဘားအံ)