ထန်းတပင်မြို့တွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) သင်တန်းဖွင့်လှစ်

ထန်းတပင် (ပဲခူး) မေ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အင်းယားကြီးကျေးရွာ ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) သင်တန်းကို မေလ (၁၀)ရက်နေ့မှ (၁၁)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကိုကိုစိုးက စိုက်ပျိုးရေးဆိုင်ရာ ဘာသာရပ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သင်းသင်းရီမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဘာသာရပ်၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ လက်ထောက်ကြီးကြပ် ရေးမှူး ဦးဘုန်းကျော်က တိရစ္ဆာန်များတွင် ဖြစ်တတ်သော ရောဂါများ ဘာသာရပ်တို့ကို ပို့ချခဲ့ကြသည်။

အဆိုပါ သင်တန်းကို (၂) ရက်​တာ သင်ကြားခဲ့ပြီး ထန်းတပင်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးစိတ်ပါဝင်စား သူ ၃၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)