ဟိုပန် အောက်တိုဘာ ၂
မော်တော်ဆိုင်ကယ်စီးနှင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာစေရန် ရည်ရွယ်၍ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ယနေ့ နံနက် ၉ နာရီအချိန်က မြို့လယ်အဝိုင်းတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်၊ အဖွဲ့ဝင်ဗိုလ်မှူးမျိုးဝင်းမောင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်နိုင်မိုးတို့ ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၂၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကျေးစာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှုရှိမရှိ ကြပ်မတ်စစ်ဆေးခဲ့ကြသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မော်တော်ဆိုင်ကယ်စီးနှင်းစဉ် ဦးထုပ်မဆောင်းသူများအား ဆိုင်ကယ်စီးဦးထုပ် ချက်ခြင်းဝယ်ယူစေခြင်း၊ (၃)ယောက်စီးခြင်းအား တားမြစ်ခြင်း၊ နှာခေါင်းစည်း(Mask) မတပ်သူများအား (Mask)ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာစေရေးကို တာဝန်ရှိသူများက အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်