စေတုတ္တရာမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်

စေတုတ္တရာ ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရန် အတွက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟိန်းထက်အောင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ လိုက်ပါလျက် ဒီဇင်ဘာ ၁၆ ရက်က ထန်းကိုင်းကျေးရွာ၊ စစ်ငန်းကျေးရွာနှင့် မွန်ဇော်ကျေးရွာများသို့ သွားရောက်ပြီး စီးပွားရေးလုပ်ကိုင် ဆောင်ရွက်မှု အခြေအနေ၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားမှု အခြေအနေများကို တွေ့ဆုံဆွေးနွေးပြီး ဒေသခံများက လိုအပ်ချက်များကို တင်ပြရာ လိုအပ်ချက်အလိုက် သက်ဆိုင်ရာဌာန များက ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့် မိမိတို့ရပ်ရွာ အေးချမ်းသာယာစေရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ကြစေရန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)