ပွင့်ဖြူ ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် မျှ မထိုးနှံရသေးသည့် ပြည်သူများအား Mobile စနစ်ဖြင့် ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ခြင်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့ ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု ဖြင့် အဖွဲ့(၂)ဖွဲ့ခွဲ၍ ထိုး နှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ Mobile စနစ်ဖြင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပွင့်ဖြူ-မင်းဘူး-မကွေးသွားလမ်းမြို့ အဝင်၊ အထွက် စစ်ဆေးရေးဂိတ်နေရာများတွင် အဖွဲ့(၂)ဖွဲ့ခွဲ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရကာ၊ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့တွင်းဖြတ်သန်း သွားလာသည့် ပြည်သူများ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း ထောက်ခံချက်ပါ/ မပါစစ်ဆေးကာ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသည့် ပြည်သူများ တွေ့ရှိပါက မြို့နယ်အတွင်းရှိ ပြည်သူ များကို Mobile စနစ်ဖြင့် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ကာကွယ်ဆေး ထိုးနှံပေးပြီး အခြားမြို့နယ်မှ ပြည်သူများကို မြို့တွင်းဖြတ်သန်း သွားလာခွင့်မပြုကြောင်း သိရ သည်။
ဆက်လက်၍ မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် မော်တော်ဆိုင်ကယ် စီးနင်းသွားလာရာတွင် (၃)ယောက်စီးခြင်းနှင့် (၂)ယောက်စီးရာတွင် နောက်မှ အမျိုးသား လိုက်ပါစီးနင်းခြင်းမပြုရန် လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု ဖြင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က စနစ်တကျ ကြပ်မတ်စစ်ဆေးလျက်ရှိပြီး ကာကွယ်ဆေးတစ်ကြိမ် မျှ မထိုးနှံရသေးသည့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ကိုဗစ်ကာကွယ်ဆေး သတ်မှတ် အကြိမ်ရေ ပြည့်မီအောင် ထိုးနှံနိုင်ရေးအတွက် ဒေသခံပြည်သူများကို Mobile စနစ်ဖြင့် ကိုဗစ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ဝါဝါလှိုင် (ပြန်/ဆက်)