တနိုင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထူအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

တနိုင်း ဒီဇင်ဘာ ၁၈

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ရုံးခန်းမ၌ ဒီဇင်ဘာ(၁၇) ရက်နေ့ နံနက်(၁၁)နာရီက အဆိုပါ ရုံးဝန်ထမ်းများဖြင့် စာရေးဆရာ၏ "စိတ်ထားတတ် မြတ်ပါတယ်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဦးက စာဖတ် ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရန်၊ စာပေ အကြောင်းအရာများကို အပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ  တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဦးဖေအောင်- စာကြည့်တိုက်လက်ထောက်-၃ က  "အလုပ်နှင့် ဘဝ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်ဂျာအောင်လု-ရုပ်သံ ၃(ပြ)က "ဆုပ်ကိုင်ထားသော လက်တစ်စုံ၏ စွမ်းအား" ခေါင်းစဉ်ဖြင့်လည်းကောင်း" အသီးသီးဆွေးနွေးခဲ့ကြရာ သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ကြရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ဖြည့်စွက်ဆွေးနွေးပြီး စာဖတ်ဝိုင်းကို လစဉ်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)