လက်ပံတန်း မြို့နယ် Community Center ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

လက်ပံတန်း ဒီဇင်ဘာ  ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊  Community Center ခန်းမတွင် ပြည်သူများအသိ ပညာ၊ ဗဟုသုတရရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီချိန်က အသိပညာပေးလုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းအား ဆက်လက်ဆွေးနွေးရာ အလှည့်ကြ ဦးဆောင်ဆွေးနွေးသူအဖြစ် ဒုတိယဦးစီးမှုးဒေါ်ဝင့်နန္ဒာဌေးက ဦးဆောင်၍ စာရေးသူ နတ်သျှင်(ရွှေဂူ) ရေးသားတဲ့" လူငယ်များကိုပျိုးထောင်ပါ" စာအုပ်မှ ဆောင်းပါးများ အား  စာပေ ချစ်မြတ်နိုးသူ Book Club အသင်းဝင်များဖြစ်သည့် ဦးမြင့်သိန်း (မြင့်သိန်း-ရွှေတောင်၊ ဦးစောမြင့်၊ ဦးအောင်သန်း၊ ဒေါ်ညိုညိုတင့်၊ ဒေါ်စမ်းစမ်းဝင်း တို့က အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့  မြို့နယ် စာပေချစ်မြတ်နိုးသူBook Clupအသင်းအဖွဲ့ဝင် များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ လူငယ်ဖွံ့ဖြိုးရေး ဂေဟာမှ ကျောင်းသားလူငယ်များ တက်ရောက်ခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)