တာချီလိတ် ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ စည်ပင်သာယာရေးဌာနမှ မြို့သန့်ရှင်းသာယာလှပ စိမ်းလန်းစေရန် စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ ရွှေဝါနဒီပန်းခြံအဆင့်မြင့်တင်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ပြည်သူများ စိတ်ချမ်းသာစွာ လာရောက်အပန်းဖြေနိုင်ရေးအတွက် ရွှေဝါနဒီ ပန်းခြံအဆင့်မြင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာတွင် ပေါင်းမြက်များရှင်းလင်းခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းအတွက် ပစ္စည်းကိရိယာများ တပ်ဆင်ခြင်း၊ အပန်းဖြေရန် ဒီဇိုင်းမျိုးစုံ ပုံဖော်ထားသော ထိုင်ခုံများတပ်ဆင်ခြင်း၊ ပန်းပင်များ အလှပုံဖော်ခြင်း၊ ဆေးရောင်များ သုတ်ခြင်းနှင့် မီးအလှတပ်ဆင်ခြင်းများကို စည်ပင်သာယာရေးဌာန စိမ်းလန်းအဖွဲ့မှ ဆောင်ရွက်ခဲ့ကြပြီး တာဝန်ခံ အင်ဂျင်နီယာမှူးက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ယာဆေး