ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ပိုင်ကျုံ ဒီဇင်ဘာ  ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေး နွေးပွဲကို ယမန်နေ့ မွန်းလွဲ၁ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့‌ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက အသက်မပြည့်သေးတဲ့ ကလေးအလုပ်သမား လျှော့ချဖို့နှင့် ကလေးငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခုလို ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပိုင်ကျုံမြို့ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်‌ သော စောဂျိုးဇက်ဂျူးက အရွယ်မတိုင်မီ ကလေးငယ်များ လုပ်ငန်းခွင်သို့ ရောက်ရှိလာရသည့် အဓိကအကြောင်းရင်းများ၊ ကလေးအလုပ် သမားပပျောက်ရေးအတွက် ကြိုတင်ကာကွယ် တားဆီးရမည့် အချက်များ၊ ကလေးငယ်များနှင့် ပတ်သက်ပြီး ရသင့်ရထိုက်တဲ့ အခွင့်အရေးများ၊ ကလေးအလုပ်သမား ပပျောက်ရေး ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ဥပဒေဆိုင်ရာများ၊ ကလေးများ အပေါ် မတရားညှင်းပန်းနှိပ်စက်မှု၊ အဓမ္မခိုင်းစေမှုများ ကြုံတွေ့လာပါက ဆက်သွယ်အကူအညီ တောင်းခံနိုင်သည့် နည်းလမ်းများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)