ဒေးဒရဲ ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ သက်ကြီးဘိုးဘွားများ၏ လက်ဝယ်အရောက် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဒေါ်နီနီမြင့်နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ၂၀၂၁-၂၀၂၂ခုနှစ် ဘဏ္ဍာရေး နှစ်(၆)လ၊ ပထမသုံးလပတ်အတွက် အသက် (၈၅) နှစ်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀) စီအား မြို့ပေါ်ရပ်ကွက်များရှိ သက်ကြီးဘိုးဘွား (၉၁) ဦးအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ဒေးဒရဲမြို့နယ် ကျေးရွာအုပ်စု (၉၀) အုပ်စုရှိ သက်ကြီးဘိုးဘွား (၆၇၅) ဦးအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများကတစ်ဆင့် ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)