ဆီဆိုင် ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ယမန်နေ့ ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရုံးတွင်းစာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်က စာဖတ်ဝိုင်းဆွေးနွေး ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမ ခင်စောတင့်ရေးသားသည့် ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင် စာအုပ်မှ ရွင်လန်းပေါ့ပါးတဲ့ရှုထောင့်က ကြည့်ပါ၊ ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်၊ ပူပင်သောကတွေ ဦးတည်လာနေပြီလား၊ ရိုးသားဖြောင့်မတ်သော၊ အသေးအဖွဲလေးနဲ့ မပေါက်ကွဲပါစေနဲ့ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မျိုးမြတ် (ဆီဆိုင်)