မိုင်းလုံ ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်းစကားသံကို ယခုလိုကြား သိခဲ့ရပါသည်။
ကျွန်တော်က ဆံသဆရာ ကိုဇော်ရှိန်းအောင် အသက်(၃၂) နှစ်၊ အလယ်ရပ်ကွက်၊ မိုင်းလုံမြို့ မှာနေပါတယ်။ မိသားစုကတော့(၄)ယောက်ရှိပါတယ်။ မြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ များလာပြီးနောက် ကျွန်တော်ဇနီးက ဖျားပြီးတော့ ကိုယ်လက်တွေကိုက်ခဲ၊ အနံပါပျောက်ပြီး ဇနီးကို ကျန်းမာရေးဌာနကိုသွားပြီး စစ်ကြည့်တော့ ဆရာကမိသားစု အားလုံးကို စစ်လိုက်ပါ ဆိုပြီး စစ်ကြည့်တော့ မိသားစုအားလုံးက(positive)ပါ။
ရောဂါစဖြစ်တဲ့ အချိန်မှာတော့ နှာစေး၊ ချောင်းဆိုး၊ ကိုယ်လက်ကိုက်ခဲပြီး ဖျားပါတယ်။ ဆရာပေးတဲ့ ဆေးတွေကို ပုံမှန်သောက်ပြီးတော့ (၅)ရက်နောက်ပိုင်း နှာစေး၊ ချောင်းဆိုး၊ ဖျားတာတွေမရှိတော့ဘူး။ Quarantine Centre မှာ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေ ညွှန်ကြားချက်တဲ့အတိုင်း ဆေးပုံမှန်သောက်ပါတယ်။ ကိုယ်ခံအားကောင်းလာအောင် အဟာရပြည့်မဲ့ အစားအသောက်တွေကို ပုံမှန်စားပါတယ်။ ဆရာကရေချိုးဆင်ခြင်ခိုင်းပြီး အအေးမိမခံရအောင် ဂရုစိုက်နေထိုင်သောကြောင့်Quarantine Centre မှာ (၁၄)ရက်နေပြီး အိမ်ကိုပြန်လာနိုင်ခဲ့ပါတယ်။ အိမ်မှာ (၇)ရက်နေပြီးနောက်ပိုင်း အရင်လိုပြန် ကျန်းမာလာ ပါတယ်။
ကျွန်တော်အနေနဲ့ အကြံပြုချင်တာက အခုဆိုရင်နောက်ထပ် ဗီဇပြောင်းရောဂါပိုးကို အခြားနိုင်ငံတွေမှာ တွေ့ရှိနေပြီဖြစ်သောကြောင့် ကိုဗစ်ရောဂါကို မပေါ့ဆပါနဲ့၊ မြန်မြန်သိပြီး မြန်မြန်ကုသမှ နှာစေး၊ ချောင်းဆိုးလောက်ပဲဖြစ်ပြီး ပုံမှန်အတိုင်းသွားလာ လှုပ်ရှားလို့ရမှာပါ။ ရောဂါဖြစ်နေချိန်မှာ ကိုယ်ခံအားကောင်းအောင်နေထိုင်ပါ၊ စိတ်ဓာတ်လုံးဝမကျပါနဲ့၊ ရောဂါသက်သာ ပျောက်ကင်းပြီး Home Quarantine နေတဲ့အချိန်မှာလည်း အဟာရ ပြည့်ဝအောင် စားပါ၊ ရေချိုးဆင်ခြင်ပါ၊ အပင်ပန်းခံတာတွေ ရှောင်ကြဉ်ပါလို့ အကြုံပြု ပြောကြားခဲ့ပါတယ်။
ဇော်ဇော်(ပြန်/ဆက်)