(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ

ချောင်းသာ ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ် းအမှတ်(အကြို) အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က အ-ထ-က(ချောင်းသာ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား ၊ ကျောင်းသူများ၊ လူငယ်၊ လူရွယ်များ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကာယ ၊ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

အားကစားပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက လွန်ဆွဲပြိုင်ပွဲအား အတန်းအလိုက် အသင်း(၅)သင်းဖွဲ့ပြီး ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြ သည်။

အဆိုပါ အားကစားပြိုင်ပွဲအား အ-ထ-က(ချောင်းသာ)မှ တာဝန်ခံ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ပျော်ရွှင်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)