သတင်းများ

ဟိုပုံးမြို့နယ် ကျောက္ကချားကျေးရွာ၌ ခမ်းတန်ထွန်ကာ အောင်မင်္ဂလာဓမ္မာရုံတော် ရေစက်ချပွဲသို့ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်
Dec 19,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျောက္ကချား စံပြကျေးရွာ၊ ခမ်းထွန့်ကာ့ ကုန်းပေါ်၌ "ခမ်းတန်ထွန်ကာ အောင်မင်္ဂလာဓမ္မာရုံတော်" ရေစက်ချပွဲ ကို ဒီဇင်ဘာလ ၁၈ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖြူးမြို့နယ်တွင် ပြုလုပ်
Dec 19,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင်  (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျောင်းသား၊ကျောင်းသူ မျိုးဆက်သစ် ကလေးသူငယ်များ လွတ်လပ်ရေးနေ့ကို အစဉ်အမြဲ မမေ့အပ်စေရေးနှင့် အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်စေရေးအတွက် ရည်ရွယ်ကာ ဒီဇင်ဘာလ(၁၈)ရက်နေ့၊ မွန်းလွဲ(၁)နာရီ အချိန်ကစတင်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟို ဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သိနီ္နမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ ပြုလုပ်
Dec 19,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  လားရှိုးခရိုင်၊ သိနီ္နမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ နံနက် (၉)နာရီအချိန်က သိနီ္နမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်   ပညာရေးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အသိပညာပေး ဟောပြောပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Dec 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ဒီဇင်ဘာလ(၁၈) ရက်နေ့၊ နေ့ လည် (၁)နာရီအချိန်က (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
မြိတ်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိ
Dec 19,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် စာသင်ကျောင်းများသို့ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများမှ ကွင်းဆင်း ၍ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ ဒီဇင်ဘာ (၁၈)ရက် နံနက်ပိုင်းတွင် အထက(၃)ကျောင်းမှ ကျောင်းသား/သူများအား ပြုလုပ်ပေးလျက် ရှိသည်။  
မရမ်းကုန်းမြို့နယ်၌ ပန်းခင်းစီမံချက်​ ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေး ကျင်းပ
Dec 18,2021
ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အ​ထွေ​​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ယမန်​​နေ့ နံနက် ၁၀ နာရီအချိန်က ပန်းခင်းစီမံချက်​ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကျင်းပ ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင် သံတွဲမြို့နယ်အတွင်းရှိ ဘဏ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ
Dec 18,2021
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်သည် ယနေ့ နံနက်  ၁၀ နာရီခွဲ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သံတွဲမြို့နယ်အတွင်းရှိ ဘဏ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဘဏ်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဘုန်းတော်ကြီးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ကုလားပဲများလှူဒါန်း
Dec 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ ဖောင်းပြင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၅၀) အတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ကြက်သွန်နီစသော အမယ် (၅) မျိုးကို လှူဒါန်းပေးခဲ့ရာ မော်လိုက်ခရိုင်၊ ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီ အချိန်က ဖောင်းပြင်မြို့နယ်၊ သရောင်းကျေးရွာ သာသနာ့ရက္ခိတ ပရိယတ္တိ စာသင်တိုက်သို့ သွားရောက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကုလားပဲ စသောအမယ် (၅) မျိုးအား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။