မိုင်းတုံမြို့ Community Centre ခန်းမနှင့် ကလေးစာဖတ်ခန်း၌ ပန်းချီ၊စာဖတ်စွမ်းရည်၊ ဆေးရောင်ခြယ်၊ ပုံပြောပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိ

မိုင်းတုံ ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ (Community Centre) ခန်းမနှင့် ကလေးစာဖတ်ခန်း၌ ပန်းချီ၊ စာဖတ်စွမ်းရည်၊ ဆေးရောင်ခြယ်နှင့် ပုံပြောပြိုင်ပွဲများကို ယနေ့မွန်းလွှဲ ၁ နာရီ ၂၀ မိနစ်အချိန်က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

မြို့ပေါ်ရှိကလေးငယ်များ အနေဖြင့် ပေါင်းသင်းဆက်ဆံရာတွင် ချိုချိုသာသာ ပြောတက်သည့် အလေ့အထဖြစ်ပေါ်လာစေရန်၊ စိတ်ဓာတ်ခွင့်အားများ အကျိုးရှိစွာ အသုံးချ တတ်စေရန်၊ အများအကျိုး ဆောင်ရွက်တက်သည့် အလေ့အကျင့်ဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှု ရှိစေရန်နှင့် ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း ဖြစ်သည်။

အဆိုပါ ကလေးများမှာ မြို့ပေါ်ရပ်ကွက်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကလေးများအား အမှတ်တရ လက်ဆောင်များနှင့် မုန်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်ဆက်)