လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ လက်မှုပညာသင်တန်း အခမဲ့ဖွင့်လှစ်

ကန့်ဘလူ ဒီဇင်ဘာ ၁၉

တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်ကာ လက်မှုပညာ(ပန်းကြယ်သီး ထိုးနည်း) သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်​ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အမျိုးသမီး အသင်း (Women Club) တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဒီဇင်ဘာ ၁၈ ရက်နံနက် ၁၀ နာရီက ကိုဗစ်- ၁၉ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ အခမဲ့ဖွင့်လှစ်သင်ကြား ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် အမျိုးသား၊အမျိုးသမီးဝတ် အင်္ကျီများတွင်တပ်ဆင်သည့် ပန်းကြယ်သီးအ မျိုးမျိုး ထိုးနည်း များကို ဒီဇင်ဘာ ၁၈ ရက်နှင့် ၁၉ ရက် နှစ်ရက်တာကာလ၌ နည်းပြဆရာမ အမျိုးသမီးအသင်း (Women Club) ဝင် ဒေါ်ခင်ဖုန်းချစ်က လက်တွေ့သင်ကြားပြသပေးမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား ၂၀ ဦး တက်ရောက် သင်ယူလျက် ရှိကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)