နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တွင် ဆောင်ရွက်ထားသည့် မှတ်တမ်းဓာတ်ပုံများအား ပြည်သူများသိရှိစေရန် မြေစိုက်နံရံကပ်ပြဘုတ်တွင်ပြသ

ဟိုပုံး ဒီဇင်ဘာ ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ယနေ့ နံနက် (၁၀) နာရီအချိန် က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး (ဟိုပုံး) ရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင်  ပြသဆောင်ရွက် ထား‌ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အကောင်အထည်ဖော်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ် မှတ်တမ်းဓာတ်ပုံများနှင့် ချမှတ်ထားသည့် ဦးတည်ချက် (၉) ရပ်တွင် ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံ ဗီနိုင်းပိုစတာများကို ပြည်သူ များ၊ ကျောင်းသား/ကျောင်းသူများ အလွယ် တကူ ဖတ်ရှုလေ့လာပြီး သိရှိနိုင်ရန်အတွက် ပြသ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထက်ထက်(ဟိုပုံး)