ဝမ်းတွင်းမြို့နယ်တွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေး

ဝမ်းတွင်း ဒီဇင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး SinopharmFirstDoseSecondDose ထိုးနှံပေး ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က သက်ဆိုင်ရာ စုရပ်များတွင် ဆက်လက်ထိုးနှံပေးခဲ့ ကြောင်း သိရ သည်။

Covid19 ရောဂါ ကာကွယ်ဆေး SinopharmFirstDoseSecondDose ထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးရာတွင် မြို့ပေါ် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အသက်(၆၅)နှစ်အထက် ရှိသူများ၊ ဒေသခံပြည်သူ များအား ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက်စာရင်းများ ရေးသွင်းခြင်းများ ဆောင်ရွက်ပေး ပြီး ကျန်းမာရေးကောင်းမွန်သူ အသက်(၆၅)နှစ်ထက်ရှိသူများ၊ ဒေသခံပြည်သူ (၃၇၂) ဦးအား ကာကွယ် ဆေးများ ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး Sinopharm ထိုးနှံပေးခြင်းများကို သက်ဆိုင်ရာစုများအလိုက် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး ထိုးလုပ်ငန်းများ အောင်မြင်စေရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်မာရေးဌာနဝန်ထမ်းများ၊ မြို့ နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့စေတနာလုပ်အား ရှင်များနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုရဲ(ဝမ်းတွင်း)