မြဝတီ ဒီဇင်ဘာ ၂၀
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့် တိုက်တွင် စာပေချစ်မြတ်နိုးသူများ စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူး တင်ဆက်ဆောင်ရွက်ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ် ပရိ သတ်များ၊ကျောင်းသူ/ကျောင်းသားများနှင့် သားငယ်သမီးငယ်များအတွက် ဗဟုသုတရရှိရန် မြဝတီခရိုင်ပြည်သူ့စာကြည့်တိုက် Facebook Page မှ သုတ၊ရသစာအုပ် မိတ်ဆက်ခြင်း အစီအစဉ် များ၊ ပုံပြင်ပြောပြခြင်းအစီအစဉ်များ၊ ကဗျာရွတ်ဆိုခြင်းအစီအစဉ်များကို မြဝတီ ခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရ သည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)