ကျိုက်မရော ဒီဇင်ဘာ ၂၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ( တာဝန်ပေး) ဒေါ်ချိုမြတ်မြတ်ထွေးက စားသုံးသူ အကာကွယ်ပေးရေး အသိပညာပေး (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး မွန်ပြည်နယ် စားသုံးရေးရာ ဦးစီးဌာန၊ ကျိုက်မရောမြို့နယ် ရုံးတာဝန်ခံ ဦးစီးမှူး ဦးအောင်ညီညီခန့်က စားသုံးသူ ပြည်သူများ အနေဖြင့် စားသုံးသူမိမိတို့ရရှိမည့် အခွင့်အရေးများနှင့် စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန်နှင့် အလွယ်တကူ မေးမြန်းနိုင်ရန်၊ စားသုံးသူ အကာကွယ်ရေး ဥပဒေမှာ ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားများနှင့်အညီ ကုန်စည်တင်သွင်းခြင်း ဖြန့်ဖြူးရောင်းချခြင်းများအား သိရှိလိုက်နာ ဆောင်ရွက်စေရန်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါစားသုံးသူ ကာကွယ်ပေးရေး အသိပညာပေး (Talk.Show) အစီအစဉ်ကို ကျိုက်မရော မြို့နယ်၊ ပြည်သူ့ စာကြည့်တိုက် Facebook page စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)