မြိုင်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရန်နှင့် ကာကွယ်ဆေး ထိုးနှံကြရန် အသိပညာပေး လိုက်လံနှိုးဆော်

မြိုင် ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ထန်းဘူးတော၊ ကျောင်းကုန်း ကျေးရွာ များသို့ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်  အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေး ထိုးနှံကြရန် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးဌာနမှ ယနေ့ နံနက်ပိုင်းတွင် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပညာ‌ပေးခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်‌ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကိုဗစ်-၁၉ရောဂါ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့များ ပူးပေါင်း၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် ကူးစက်မှုလျှော့ချနိုင်ရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ၊ အပြင်သို့ ထွက်ပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ကြရန်၊ လက်ကို မကြာခဏ ဆပ်ပြာနှင့် စက္ကန့်(၂၀)ခန့် စနစ်တကျ ဆေးကြောရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချိုသွေးချို၊ နှလုံးရောဂါအခံ ရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန်၊ ရောဂါကူးစက် ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှု ခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံး လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဆေးထိုးစုရပ်များခွဲ၍ ထိုးနှံပေးလျက်ရှိပြီး ပြည်သူများလာရောက် ထိုးနှံကြရန်တို့ကို အသံချဲ့စက်ဖြင့် လိုက်လံ အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သူရ(ပုံ‌တောင်)