မိုင်းငေါ့မြို့တွင် ဈေးဆိုင်ဖွင့်လှစ် ရောင်းချနေသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

မိုင်းငေါ့ ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်၊ မိုင်းငေါ့ မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရန် အတွက် မြို့အတွင်းရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဈေးသည် များအား မိုင်းငေါ့မြို့ ကိုဗစ်­-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များမှ ယမန်နေ့နံနက် (၉) နာရီအချိန်က အိမ်ဆိုင်များ တွင် ဖွင့်လှစ်ရောင်းချ နေသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ့ပြီးခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းငေါ့မြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌ ဦးကြည်စိုးအောင်နှင့် အဖွဲ့ဝင်များက ဈေးဆိုင်ဖွင့်လှစ်ရောင်းချနေသူများအား ကျန်းမာရေးဌာမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး သက်သေခံလက်မှတ်များကို စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိပါက ကာကွယ်ဆေးထိုးနှံကြရန်နှင့် ကာကွယ်ဆေးထိုးနှံပြီး ကြောင်း သက်သေခံလက်မှတ်ရှိမှသာ ဈေးဆိုင်များဖွင့်လှစ်ရောင်းချ ခွင့်ပြုမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)