ဖျာပုံမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

 ဖျာပုံ ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များသည် ကမ္ကာ့နိုင်ငံနေရာ အနှံ့အပြားတွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ထပ်မံကူးဆက် ပြန့်ပွားမှု ဖြစ်ပွားလာသည်နှင့်အမျှရောဂါကြိုတင်ကာကွယ် တားဆီးနိုင်ရေးနှင့် အများပြည်သူများ သိရှိလိုက်နာနိုင်စေရန်တို့ကို ရည်ရွယ်၍ ယနေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံခရိုင် ပြန်/ဆက်ဦးစီးဌာန ရုံးတွင်းနံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ အသိပညာပေး နံရံကပ်စာစောင်များအား အသိပညာပေး ပြသခဲ့သည်။

အဆိုပါ နံရံကပ်ဘုတ်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အိုမီခရွန် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ အသိပညာပေး လမ်းညွှန်ချက်များ၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြရန် တိုက်တွန်းနှိုးဆော်မှုများ၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် အနံအာရုံခံစားမှုပျောက်ကွယ်ရသည့် အကြောင်းအရင်းများ၊ ရောဂါဖြစ်ပွားပြီးနောက် နောက်ဆက်တွဲ ကြုံတွေ့ရသည့် ရောဂါလက္ခဏာစုများ စသည့် အသိပညာပေး အကြောင်းအရာများအား စုံလင်စွာဖြင့် အများပြည်သူများ စိတ်ဝင်စားဖွယ် ပြသဆောင်ရွက်ထားရှိပြီး ကျောင်းသား ကျောကေျာင်းသူများနှင့် မိဘပြည်သူများ ဝင်ရောက်လေ့လာ ကြည့်ရှုကြကြောင်း သိရသည်။