အထက်မင်းလှ ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီက မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့်ဆေး ထိုးစုရပ်များ၌ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီကျန်းမာ ရေးဝန်ထမ်းများ ကဆေးထိုးနှံပေးပြီး၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက် လျက်ရှိရာ ဆေးထိုးစုရပ် နေရာများသို့မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှံရန်အသက်(၁၈)နှစ်အထက်ပြည်သူ ၉၇၇၃၈ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၆၀၆၁၃ ဦးနှင့်၊ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပြီးသူ ၄၆၈၇၀ ဦးရှိပြီး ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား သတ်မှတ်ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)