လှိုင်သာယာ(အနောက်ပိုင်း) ဒီဇင်ဘာ ၂၀
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဟူသော ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်ပွဲအခမ်းအနားတွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ မြို့နယ်အုပ်ရေးမှူး ဦးစိုးဝင်းနိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရသည့် အကြောင်းအရာများကို ပြောကြားခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၁၆)ရပ်ကွက်၊ အမှတ်(၁၁)ရပ်ကွက်နှင့် အမှတ် (၁၄)ရပ်ကွက်နေ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားကတ် ကိုင်ဆောင်သည့် ကတ်ပြားများနှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားကတ်ကိုင်ဆောင်သည့် ကတ်ပြားများ စုစုပေါင်း(၃၂၂)ကတ်နှင့် အိမ်ထောင်စုစာရင်းတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးတင့်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှာ ရဲမှူးဦး အောင်သန်းဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများ ပေးအပ်ခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ဆောင်ရွက်ပေးခြင်းကို မေလ(၃)ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများကိုလည်း ဆက်လက်၍ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ဝေဝေ(ပြန်/ဆက်)