သတင်းများ

မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များ အသိပေးနှိုးဆော်
Dec 22,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ လူစည်ကားရာလမ်းဆုံ လမ်းခွနေရာများနှင့် စျေးတို့တွင် အသံချဲ့စက်ဖြင့် မွန်/မြန်မာ နှစ်ဘာသာဖြင့် အသိပညာ ပေးနှိုးဆော်၍ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခဲ့သည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်
Dec 22,2021
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြသခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကိုဗစ်- ၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲ များနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထူအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ များနှင့် စာအုပ်စာစောင်ပြပွဲအား ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
အမာမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပ
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့​ကြောင်းသိရသည်။
မုဒုံမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရေး အားကစားဆိုင်ရာ အသိပညာပေး ဟောပြော သရုပ်ပြ
Dec 22,2021
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူ လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ် ရည်ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အားကစားဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး အားကစားနည်းများ သရုပ်ပြသခဲ့သည်။
သရက်မြို့ရှိ စည်ပင်သာယာမြို့မဈေး၌ မီးသတ်တပ်ဖွဲ့နှင့် ဈေးသူ၊ ဈေးသားများ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်
Dec 22,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်မီးတပ်ဖွဲ့ဝင်များနှင့် ဈေးသူ၊ ဈေးသားများ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့နေ့လည် ၃ နာရီက မြို့မဈေးတွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး၊ မြို့နယ် ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ ဈေးသူ၊ ဈေသားများ တက်ရောက်ကြသည်။
(၇၄)နှစ်မြောက် လွပ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ အရုပ်ဆက်နည်း ပြိုင်ပွဲကျင်းပ
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ်အကြို ပြည်သူ့စာကြည့်တိုက် ခလေးစာဖတ်ခန်း၌ ယနေ့နံနက် ၉ နာရီက ကျောင်းသား/ကျောင်းသူလေးများ ဉာဏ်ရည်ထက်မြက်လာ စေရန်ရည်ရွယ်၍ အရုပ်ဆက်နည်း အားကစားပြိုင်ပွဲ ကျင်းပခဲ့သည်။
မုဒုံမြို့နယ် ကမာဝက်မြို့တွင် မီးဘေးအန္တရာယ်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်
Dec 22,2021
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ပဥ္စလနဂိုလ် စျေးကြီးတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။