(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြိုနယ်တွင် ပညာရေးဌာနက ဦးစီးကျင်းပသည့် မြို့နယ်အဆင့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကျပန်းစကားပြော ပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီတွင် အထက (ငပုတော) ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပရာတွင် အထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၅ ဦးစုစုပေါင်း၃၅ဦး ဝင်ရောက်ယှဉ်ပြိုင် ကြောင်းသိရသည်။