သတင်းများ

ဒီပဲယင်းမြို့နယ်၌ မိုးစပါး ရွှေဘိုပေါ်ဆန်း (ပေါ်ဆန်းရင်) စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်
Dec 22,2021
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်၌ မိုးစပါး (၀,၁၀) ဧက စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ရွာရှည်ကျေးရွာအုပ်စု ကံပြားကျေးရွာ ကွင်းအမှတ်(၂၀၃၈) ဦးပိုင်အမှတ်(၁၀) တောင်သူ ဦးတင်ကျော်၏ မိုးစပါး ရွှေဘိုပေါ်ဆန်း (ပေါ်ဆန်းရင်) မျိုးစေ့ထုတ်စိုက်ခင်း (၈,၀၀)ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြသခြင်းနှင့်ဟောပြောပွဲကျင်းပ
Dec 22,2021
ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၄) နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြသခြင်းနှင့် ဟောပြောပွဲကျင်းပခြင်းကို ယနေ့ နံနက် ၁၀နာရီက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ကံကော်ခန်းမ၌ ကျင်းပခဲ့ သည်။
နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံ
Dec 22,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများမှ ယမန်နေ့က ဝါးရှိကျေးရွာအုပ်စု၊ ဝါးရှိကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ စာသင်ကျောင်းများဖွင့်လှစ်မှုအခြေအနေများ၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု အခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့သည်။
စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံကြရန် လိုက်လံနှိုးဆော်
Dec 22,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကူးစက်မှုမရှိစေရေး အတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုး နှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၁၂ နာရီအချိန်က ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
နတ်တလင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအ‌ဝေးပွဲကျင်းပ
Dec 22,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအ‌ဝေပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲကျင်းပ
Dec 22,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုစာအုပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ် (၂) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့နယ် အမှတ်(၅)နယ်မြေရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ ဆောင်ရွက်ပေး
Dec 22,2021
ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနန်းတင့်၊ ခရိုင်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းထွဋ်အောင်၊ မြို့နယ်ဦးစီးမှူး ဦးနန်းတင့်တို့ ဦးဆောင်ကြီးကြပ်မှု ဖြင့် ယနေ့နံနက် ၉ နာရီချိန်မှ