သရက်မြို့ရှိ စည်ပင်သာယာမြို့မဈေး၌ မီးသတ်တပ်ဖွဲ့နှင့် ဈေးသူ၊ ဈေးသားများ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်

သရက်  ဒီဇင်ဘာ  ၂၂

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်မီးတပ်ဖွဲ့ဝင်များနှင့် ဈေးသူ၊ ဈေးသားများ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့နေ့လည် နာရီက မြို့မဈေးတွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး၊ မြို့နယ် ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ ဈေးသူ၊ ဈေသားများ တက်ရောက်ကြသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများနှင့် ဈေးသူ၊ ဈေသားများက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မီးငြိမ်းသတ်မှုကိုဇာတ်တိုက်သရုပ်ပြ ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးချမ်းငြိမ်းသူ က  ဈေးသူ၊ ဈေးသားများကို မီးငြိမ်းသတ်မှု အခြေအနေနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အန္တရာယ်မရှိစေရေးအတွက် အမြန်မီးငြိမ်းသတ်ခြင်းများ၊ မီးသတ်ဆေးဘူးအသုံးပြုခြင်းနှင့် မီးလောင်မှုကို မီးသတ်ဆေးဘူးများဖြင့် ကနဦးငြိမ်းသတ်ခြင်းများကို အသိပညာပေးပြီး ဈေးကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့်အတူ ဈေးသူ၊ ဈေးသားများအား လက်တွေ့ဇာတ်တိုက်လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။                                      

ဇော်ထက်(သရက်)