မုဒုံမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရေး အားကစားဆိုင်ရာ အသိပညာပေး ဟောပြော သရုပ်ပြ

မုဒုံ  ဒီဇင်ဘာ  ၂၂

မွန်ပြည်နယ် မုဒုံမြို့နယ်တွင်  ကျောင်းသား၊ကျောင်းသူ လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး    ဉာဏ် ရည်ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်() အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား  အားကစားဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး အားကစားနည်းများ သရုပ်ပြသခဲ့သည်။

အသိပညာပေး ဟောပြောပွဲတွင်  ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီး မြို့နယ်အားကစားမှူး ဒေါ်နွယ်နီစံ က ကျောင်းသား၊ကျောင်းသူ လူငယ်များအား ကျန်းမာကြံခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရေးအတွက် အားကစားများပြုလုပ်ကြရန်၊ အားကစားဆိုင်ရာအကြောင်း အသိပညာပေးခြင်းနှင့် အားကစားပြုရလုပ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  အားကစားပစ္စည်းများကို ကျောင်းအတွက် လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး က လက်ခံရယူ၍ ကျောင်းသား၊ကျောင်းသူများအား အေရိုးဗစ်အားကစား၊ Fitness Dance နှင့် မြန်မာ့သိုင်းအားကစားနည်းကို သရုပ်ပြသခဲ့ကြရာ ကျောင်းသား၊ကျောင်းသူများ က စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)