မုဒုံမြို့နယ် ကမာဝက်မြို့တွင် မီးဘေးအန္တရာယ်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်

မုဒုံ  ဒီဇင်ဘာ   ၂၂

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ပဥ္စလနဂိုလ် စျေးကြီးတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာသို့ ကမာဝက်မြို့ အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဈေးအကျိုးတော်ဆောင်များ တက်ရောက်ကြပြီး မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ စောစိုးစိုးမြင့်နှင့် တပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများ ပူးပေါင်း၍  အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း၊ ဂတ်စ်အသုံးပြုသူများအနေဖြင့် မီးလောင်မှုဖြစ်ပေါ်လာပါက  အရေးပေါ်မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးမရှိသည့်အခါ ရေစိုအဝတ်ဖြင့် အောက်ဆီဂျင်ဖြတ်တောက်၍ မီးငြှိမ်းသတ်နည်းများ လက်တွေ့ပြသခြင်း၊ ဈေးသူ၊ စျေးသားများ ကိုယ်တိုင်ပါဝင်ပြီး လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များကရေသယ်ယာဉ်၊ မီးငြှိမ်းသတ်ယာဉ်တို့ဖြင့် စုပေါင်းမီးငြှိမ်းသတ်ခြင်းတို့ကို ဟန်ချက်ညီညီ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

မုဒုံမြို့နယ်  မီးသတ်ဦးစီးဌာနအနေဖြင့်   ပြည်သူများ  မီးဘေးအန္တရာယ်မှ   ကြိုတင် ကာကွယ်နိုင်စေရန် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခြင်း၊ မီးသုံးစွဲရာတွင် ကာကွယ်ရမည့်နည်းလမ်းများ ဆောင်ရွက်ပေးခြင်းအပြင်  မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့်   မြဲ ()မြဲ၊   မြန် ()မြန်၊ သင့် () သင့်နှင့်အညီ  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)