သံဖြူဇရပ်မြို့နယ် ကျုံကဒတ် အ.ထ.က ကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်
Dec 22,2021
နိုင်ငံသားတိုင်းအတွက် အလွန်အရေးပါပြီး မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျုံကဒတ် အ.ထ.က ကျောင်း၌ မြို့နယ်ဦးစီးအရာရှိ ဦးရဲလင်းအောင် ဦးဆောင်၍ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့”ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေးကို ယမန်နေ့နံနက် ၉ နာရီခွဲမှ နေ့လယ် ၂ နာရီခွဲထိ ကျုံကဒတ် အ.ထ.ကကျောင်း၌ နေ့ချင်းပြီးကွင်းဆင်း ဆောင်ရွက်ပေးသည်။