(၇၄)နှစ်မြောက် လွပ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ အရုပ်ဆက်နည်း ပြိုင်ပွဲကျင်းပ

ပန်းတနော်   ဒီဇင်ဘာ   ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ်အကြို  ပြည်သူ့စာကြည့်တိုက် ခလေးစာဖတ်ခန်း၌  ယနေ့နံနက် ၉ နာရီက ကျောင်းသား/ကျောင်းသူလေးများ ဉာဏ်ရည်ထက်မြက်လာ စေရန်ရည်ရွယ်၍    အရုပ်ဆက်နည်း အားကစားပြိုင်ပွဲ ကျင်းပခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်  ကလေးစာဖတ် ခန်းတွင် ကာယ/ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ ပေးလျက်ရှိရာ ကလေးငယ်များ ဉာဏ်ရည် ဉာဏ်သွေးများ ထက်မြက်လာစေရန် ရည်ရွယ်၍ အရုပ်ဆက်နည်းပြိုင်ပွဲ၊ ချက်ထိုးနည်းပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲ၊ စက္ကူ အရုပ်ခေါက် ပြိုင်ပွဲစသည့် အားကစား ပြိုင်ပွဲများအား စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်( ပြန်/ ဆက်)