ရေတာရှည်မြို့နယ်တွင် ရှေးဦးပြုစုခြင်း(အ​ခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ရေတာရှည် ဒီဇင်ဘာ ၂၃

​ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့  ကြက်ခြေနီအသင်းမှ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အ​ခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို  ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် ရေတာရှည်မြို့ အမှတ်()ရပ်ကွက်ရှိ ရွှေဝက်တိုးဘုန်းတော်ကြီး​ကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်()ဗိုလ်မှူး သူရိန်သန်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  ကြက်​ခြေနီအသင်း ဒုတပ်ဖွဲ့မှူး ဦးလှညွန့်က သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်း‌ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် အပူ​လောင်ခြင်း၊ အဆိပ်သင့်ခြင်း၊ လူနာဆန်းစစ်ခြင်းဒဏ်ရာနှင့် သွေးယိုစီးခြင်း၊ သွေးဆုတ်သွေးလန့်ခြင်းနှင့် ပတ်တီးစီး ဆေးထည့်ခြင်း စသည့် ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်​ပြီး  သင်တန်းကာလကို ဒီဇင်ဘာလ(၂၃) ရက်နေ့မှ (၂၅)ရက်နေ့အထိ (၃)ရက်တိတိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူ (၃၀)ဦးတက်ရောက်ခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)